ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးရှိခဲ့ပြီး (၉) ဦး ကျန်းမာစွာ ဆင်းရုံဆင်းခဲ့ပြီးနောက် လက်ရှိတွင် အမျိုးသမီး (၁) ဦးသာကျန်ရှိ
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့အတွင်း ဝင်ထွက်သွားလာသည့် ကုန်စည်သည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့ဝင်ဂိတ်များတွင် Swab နမူနာစစ်ဆေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိ လာသူများအား Facility Quarantine ဝင်ပြီး Swab နမူနာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာမှ ရောဂါပိုး တွေ့ရှိသူ ပေါင်း (၁၀) ဦးရှိခဲ့ပြီး (၉) ဦးမှာ ကျန်းမာစွာ ဆင်းရုံဆင်းခဲ့ပြီးနောက် ယနေ့တွင် အမျိုးသမီး (၁) ဦးသာကျန်ရှိပြီး ဟားခါးမြို့၊ တိုင်းရင်းဆေးရုံတွင် ဆေးကုမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။