ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသား (၃၂)ဦးအတွက် ဆန်အိတ်များထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
ချင်းပြည်နယ် ဒိန်ဒီးငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းနှင့် အသင်းသား(၃၂)ဦးအတွက် ဆန်အိတ်များထောက်ပံ့ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့ နံနက် ၉နာရီအချိန်က ဟားခါးမြို့၊ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။