မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပူပေါင်းစစ်ဆေးရေး ဂိတ်များတွင် မြို့နယ် ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှု စစ်ဆေး
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်းမှုဖြင့် အဖွဲ့ဝင်များ လိုက်ပါလျက် မတူပီ-မင်းတပ် မြို့အဝင်ဂိတ်၊ မတူပီ − ပလက်ဝလမ်းဂိတ်နှင့် မြို့ပေါ် လမ်းဆုံဂိတ်များတွင် ယမန်နေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။