မတူပီမြို့ ကလားကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် ကျေးရွာ ကျောင်းသွားလမ်း လုပ်ငန်းပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ကလားကျေးရွာအုပ်စု၊ ကလားကျေးရွာတွင် Cash For Work (CFW) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ ကျောင်းသွားလမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမှုအား မတူပီခရိုင် ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဦးနေချစ်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။