လိုင်လင်းပီ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အကျိုးခံစားသူ မှတ်တမ်းစာအုပ်အသစ်ပြုလုပ်ပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား လစဉ်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ အဆိုပါထောက်ပံ့ငွေများထုတ်ယူရာတွင် လိုအပ်သည့် အကျိုးခံစားသူ မှတ်တမ်းစာအုပ် အသစ်ပြုလုပ်ပေးခြင်းနှင့် အကျိုးခံစားသူကလေးသူငယ်အား စာရင်းသွင်း မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၊ MTP Hall ၌ ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။