ချင်းပြည်နယ်

တွန်းဇံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(ERP)အစီအစဉ်အရ မိုးစပါးထုတ်တောင်သူများအား ထောက်ပံ့ငွေပေး

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(ERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉ - ၂၀၂၀ ပြည့်နှစ် မိုးစပါးထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ကျီခါးမြို့၌ Quarantine ၀င်ရောက်နေသူများအတွက် Chin Human Rights Organization(C.H.R.O) မှ အသုံးအဆောင်ပစ္စည်များလှူဒါန်း

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ Quarantine၀င်ရောက် နေသည့် နေရပ်ပြန်သူများ အတွက် Chin Human Rights Organization(C.H.R.O)မှ အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကျီခါးမြို့ မိုးလုံလေလုံ အားကစားခန်းမရှေ့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရေဇွာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်စစ်ဆေးဂိတ်များ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့အဝင်တွင် ကျန်းမာရေး စစ်ဆေး ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများ ကျန်းမာရေးစစ်ဆေးရေး လုပ်ငန်များကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ကြည့်ရှုအားပေး

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သောမဲစာရင်း ရရှိနိုင်ရေး တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မဲစာရင်း စိစစ်ရေးအဖွဲ့များဖွဲ့ကာ တစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းနှင့် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်များ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးအတွက် မိသားစု ကုတ်နံပါတ်များ လိုက်လံကပ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တီးတိန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှစိုးက မြို့မရပ်ကွက်နှင့် ဆိုင်းဇံကျေးရွာသို့ ယနေ့ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ဟားခါးမြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း ဆောင်ရွက် နေမှုများအား မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ဟားခါးမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၏ ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များသို့ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေးအတွက် ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထလာကီးယိုလျန်တို့နှင့် အဖွဲ့တို့က ယမန်နေ့ က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

တီးတိန်မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ(၂၄)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထွေးက ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဟားခါး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP) အစီအစဉ် အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ

ကိုဗစ်-၁၉ ​ရောဂါဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP)အစီအစဉ်အရ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် ဟားခါးမြို့၊ မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများ၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဦးကြည်လှိုင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးငင့်ဇဘွင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် မြို့နယ်လယ်ယာစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ထောက်ပံ့ပေးအပ်မည့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရိခေါ်ဒါရ်မြို့၌ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား စက်တင်ဘာ ၂ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်လုပ်ငန်း သုံးမျိုးအား သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေး အဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထား ခဲ့ပြီးဖြစ်ပါသော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၆ ရက်အစား စက်တင်ဘာလ ၂ ရက် နံနက် ၁၀ နာရီအချိန်သို့ တတိယအကြိမ် လေလံရောင်းချမည့် သတ်မှတ်ရက် ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

တီးတိန်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးခြင်းများ ပြန်လည်ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ဂိတ်များကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများကို ပြန်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တီးတိန်၌ ၂၀၂၀ ပြည့်နှစ် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တီးတိန်မြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ပြုလုပ်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်