ချင်းပြည်နယ်

ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကျင်းပ

ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများနှင့် NGO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထန်တလန်မြို့အ၀င် လိုင်ပေါင်းလုံဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူများအား မြို့အ၀င်လိုင်ပေါင်းလုံဂိတ်တွင် ခရီးသွားပြည်သူများကို လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်တာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်၊ ဟားခါး-ဂန့်ဂေါလမ်း တန်ပိုစစ်ဆေးရေးဂိတ်နှင့် ဟားခါး−ဖလမ်း−ကလေးလမ်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်​​​​​ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ မှ စတင်၍ တာဝန်ရှိ သူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခိုင်ကမ်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ခိုင်ကမ်းမြို့အတွင်း မဲစာရင်းပြည့်စုံမှန်ကန်မှုရှိရေးတို့အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် နှစ်ဦးနှင့်အတူ မြို့အုပ်ချုပ်ရေးမှူး ခိုင်ကမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု(၃)စုအား ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ သြဂုတ်လ ၂၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၃)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူး ဦးဇော်လင်းထွေးက ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တွန်းဇံ၌ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အခြေခံမဲစာရင်းများ ကွင်းဆင်း စစ်ဆေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး အတွက် မဲစာရင်းတိကျ မှန်ကန်မှုရှိရေး ဆောင်ရွက်မှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ကန်ပက်လက်၌ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့တွင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းနှင့် ကန်ပက်လက် မြို့ အ.ထ.က (ခွဲ) စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တွန်းဇံမြို့၌ မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့ အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ​ရေးကျန်းမားရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် မြို့အဝင်/အထွက်ဂိတ်၌ ပြန်လည်ဖွင့်လှစ်ပြီး တွန်းဇံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရးအတွက် ယနေ့ နံနက်(၈)နာရီမှ စတင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တွန်းဇံမြို့၌ကျင်းပ

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action lan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်