ချင်းပြည်နယ်

ရေဇွာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက်​ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရေဇွာမြို့ ရပ်ကွက်(၄)ကွက်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို သြဂုတ်လ(၂၁)ရက်နေ့မှ စတင်၍ (၂၅)ရက်နေ့အထိ (၅)ရက်အတွင်း အပြီးစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

တီးတိန်၌ မဲစာရင်းမှန်ကန်ပြည့်စုံရေး တစ်အိမ်တက်တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကေက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များသည် မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ယမန်နေ့မနက်တွင် ကွင်းဆင်း ဆောင်ရွက် သည်။

မင်းတပ်မြို့၌ မဲစာရင်းပြည့်စုံ မှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး

မင်းတပ်မြို့ရှိ ပြည်သူများ၏မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ကုတ်နံပါတ်များနှင့် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ကျီခါးမြို့ အ.မ.က (၂) ကျောင်း၌ စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ကျီခါးမြို့ အ.မ.က(၂)ကျောင်း၌ ကျောင်းဆောင်သစ်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့်‌မြေနေရာအား တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မင်းတပ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးစစ်တမ်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား လေလံတင် ရောင်းချ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အအရေးလုပ်ငန်းလိုင်စင်များအား လေလံတင် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် သမဝါယမအသင်းစု လီမိတက်ခန်းမ၌ ပြုလုပ်သည်။

ရေဇွာမြို့၌ သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ဖွင့်လှစ်ရောင်းချ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချခြင်းကို ရေဇွာမြို့စည်ပင်သာယာရေး အဖွဲ့ရုံးခန်း၌ ယနေ့နံနက် ၁၀နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

၂၀၁၉−၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ခရိုင်အတွင်းမှ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ ဟားခါး၌ကျင်းပ

ချင်းပြည်နယ်အတွင်း ၂၀၁၉−၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် လူရည်ချွန် မောင်မယ်များအနက် ဟားခါးခရိုင်အတွင်းမှ လူရည်ချွန်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်ပညာရေးမှူးရုံး တောင်ဇလပ်ခန်းမ၌ ကျင်းပသည်။

လိုင်လင်းပီ၌ ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံ​ပေးရန်အတွက် စာရင်းကောက်ခံခြင်းဆောင်ရွက်

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) အခမဲ့ထိုးနှံပေးရေးအတွက် ကြိုတင်အသိ​ပေး နှိုးဆော်ခြင်းနှင့် စာရင်းများ ကောက်ယူဆောင်ရွက်ခဲ့ကြရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် အမျိုးသမီးငယ်များ စုစုပေါင်းလဦးရေ (၇၄)ဦး စာရင်းကောက်ခံရရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

ကျီခါးမြို့၌ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လုပ်ငန်းလိုင်စင်များအား ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ကျီခါးမြို့စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်