ချင်းပြည်နယ်

မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာကော်မတီဝင်များ မွမ်းမံသင်တန်း ဟားခါး၌ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက စာရင်းဇယားများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေဆုံးရှုံးမှု မရှိ​စေရေးနှင့် အတိုးနှုန်းများ မှန်ကန်စွာ ကောက်ခံရရှိစေရေးရည်ရွယ်၍ ဟားခါးမြိုနယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာများမှ ကော်မတီဝင်များ၏ တတိယအဖွဲ့မွမ်းမံသင်တန်းကို သြဂုတ်လ ၂၁ ရက်နေ့က ဟားခါးမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထန်တလန်မြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှု မရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းတပ်၌ လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မင်းတပ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၁)ခန်းမ၌ အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြား ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ သွားလာမှု ခေတ္တ ပိတ်ဆို့မည်

တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြားတွင် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ မောင်းနှင် သွားလာမှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၁)ရက်နေ့မှ စတင်ပြီး ယာဉ်ကြီးများ (၃တန်နှင့် အထက်ယာဉ်များ) သွားလာမှုကို ခေတ္တပိတ်ဆို့ထားမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

ခိုင်ကမ်းမြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(ဝက်၊ အမဲနှင့် မြို့ဝင်ဘီးခွန်)အား ချိတ်ပိတ် တင်ဒါစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် ကျင်းပ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၁၁)ခုအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံ ရောင်းချမည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင် လုပ်ငန်းသုံးမျိုးအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့ပြီး ဖြစ်ပါသော်လည်း အကြောင်းကြောင်း ကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၁ ရက်အစား ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်သို့ လေလံရောင်းချမည့် သတ်မှတ်ရက်ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။

တွန်းဇံမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်အခွင့်ရေးလိုင်စင်များ လေလံတင်ရောင်းင်းချပွဲ အခမ်းအနား ကျင်းပ

တွန်းဇံမြို့နယ် စည်ပင်သာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် စည်ပင်သာယာရေး ကော်မတီရုံးခန်းတွင် ကျင်းပသည်။

ချင်းပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် လုပ်ငန်းပေါင်း (၅၇၈) ခုတွင် စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရ

ချင်းပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို (၂၀၁၉) ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအမိန့်အမှတ် (၁၃/၂၀၁၉) ဖြင့်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေး စစ်တမ်းကို ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး၏ လမ်းညွှန်မှုကိုခံယူ၍ စာရင်းကောက်ယူရေးလုပ်ငန်း ဆပ်ကော်မတီကို ချင်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ကာ ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်မှအပ ကျန်မြို့နယ် များတွင် စစ်တမ်း ကောက်ယူလျက်ရှိကြောင်း သိရှိရပါသည်။

ဟားခါးမြို့နယ်အတွင်း Cash for Work စီမံကိန်း ငွေကျပ်သိန်း (၁၅၀၀) ဖြင့် ကျေးရွာ (၁၅) ရွာတွင် လုပ်ငန်းများ အကောင်အထည်ဖော်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ကိုဗစ် - ၁၉ ​ရောဂါ အကျိုးသက် ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေချီးမြှင့်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံ များ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၅) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) နှုန်း စုစုပေါင်းငွေကျပ်သိန်း (၁၅၀၀) ဖြင့် Cash for Work စီမံကိန်းအား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to ချင်းပြည်နယ်