ချင်းပြည်နယ်

ကန်ပက်လက်မြို့နယ်၌ cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကုစားရေး အစီအစဉ်အရ ကန်ပက်လက် မြို့နယ်တွင် cash for work စီမံကိန်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (DRD) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၁၀) ရွာ အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (WSAP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာ (၇) ရွာကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ (WSAP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် အောက်ကန့်ကျေးရွာအုပ်စု၌ ငါးအော်ကျင်းရွာမှ အောက်ကန့်ရွာ အရှည် (၁) မိုင်၊ အောက်ကန့်ရွာ​မှ ရှီနှော့ကျင်းရွာ အရှည် (၁) မိုင်၊ ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းဖောက်လုပ်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရေဇွာမြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ကျေးလက်ကျန်းမာရေး ဌာနဆေးခန်း၌ ရေဇွာ မြို့ရပ်ကွက်(၄)ရပ်ကွက်ရှိ အသက်(၅)နှစ်အောက်ကလေးငယ် (၂၂၀)ဦးခန့်အား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့တွင် လူငယ်ရေးရာမူဝါဒရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် လူငယ်များက အခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လာနိုင် စေရန် ရည်ရွယ်၍ ချင်းပြည်နယ် လူမှုဝန်ထမ်းရုံးနှင့် ချင်းပြည်နယ် လူငယ်ရေးရာကော်မတီတို့က ဦးဆောင်၍ လူငယ်ရေးရာမူဝါဒ ရှင်းလင်းပွဲနှင့် လူငယ်ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ Thantlang Baptist Church Center (TBC) ၌ ကျင်းပသည်။

မတူပီမြို့၌ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင် စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ)ဖြင့် လျှောက်ထားလာသူများ (၇၈၆၉)ဦးရှိ

ချင်းပြည်နယ်၊ မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ် ထုတ်ပြန်ကြေညာထားရာ မဲဆန္ဒရှင်စာရင်းကြေညာမှုတွင် မူလမဲစာရင်း ၃၉၉၈၉ ရှိပြီး ပြင်ဆင်ပြီး မဲစာရင်း ၃၇၉၆၀ ရှိကြောင်းသိရသည်။

ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့်သူနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများ အား ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ

ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့်ပင်စင်ယူမည့် လက်ထောက် ညွှန်ကြားရေးမှူး ဦးဂိုဆွင်းခိုင်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့ရှိ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး

ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ယနေ့နံနက် ၁၀ နာရီမှစ၍ ဖလမ်းမြို့ စည်ပင်သာရေးဈေးပိုင် အတွင်းရှိ အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးသည်။

ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲ ဖလမ်း၌ ပြုလုပ်

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်တွင်းရှိ ဒေသခံပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်ရှိ Young Community Centre ခန်းမ၌ ကျင်းပပြလုပ်သည်။

မင်းတပ်မြို့၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီများသို့ ထောက်ပံ့ငွေများ ပေးအပ်

၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဏာရန်ပုံငွေ ပံ့ပိုးမှုဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီများသို့ ကျောင်းပြင်ပစာပေနှင့် ယဉ်ကျေးမှု သင်တန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လိုင်လင်းပီမြို့၌ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ပေါ်ရှိ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့တိုက်နယ်ဆေးရုံ၌ ကျေးလက် ကျန်းမာရေးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၁၀ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြသည်။
Subscribe to ချင်းပြည်နယ်