ချင်းပြည်နယ်

ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များ၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချမှု ရှိ မရှိ ကွင်းဆင်း စစ်ဆေး

မင်းတပ်မြို့ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များ၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် ဆေးဝါးများ ရောင်းချမှု ရှိ မရှိ ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ မင်းတပ်မြို့ရှိ ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ ပူးပေါင်း၍ စစ်ဆေးကြသည်။

တီးတိန်​မြို့နယ်၌ ၂၀၂၀ -၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်း(၁၈)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားမည်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း (၁၈)ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ် သင်ကြားခွင့်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

လိုင်လင်းပီမြို့၌  သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် ကျင်းပကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့အ၀င် လိုင်ပေါင်းလုံဂိတ်၌ ခရီးသွား ပြည်သူများအား နေ့စဉ်ကြပ်မတ် ဆောင်ရွက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထန်တလန်မြို့သို့ ၀င်ရောက်လာသူ များအား မြို့အ၀င် လုံခြုံရေးစစ်ဆေးဂိတ်နေရာတွင် နေ့စဉ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသည့် မိသားစုများ ထောက်ပံ့ငွေ တီးတိန်၌ပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ဖြိုဖျက် ပြောင်းရွှေ့သော ဖာရ်တလန်ကျေးရွာနေ ဦးထန်ခင်းမုန်နှင့် ဦးထန်လျန်းကိမ်းတို့အား ယမန်နေ့နေ့လည် ၁ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာနက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း ချင်းဖတ်စာသင်ကြားပို့ချမည့် ဆရာ/ဆရာမများ မွမ်းမံသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ချင်းဖတ်စာသင်ကြားပို့ချမည့် ဆရာ/မများ မွမ်းမံသင်တန်းကို သြဂုတ် ၁၇ ရက် နေ့မှစ၍ ဖလမ်းမြို့၊ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ဟားခါးမြို့၌ ဖွင့်လှစ်သင်ကြား

ချင်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို သြဂုတ်လ ၁၇ ရက်နေ့တွင် ဟားခါး မြို့ စျေးသစ်ရပ်ကွက် ကာရာနီနှစ်ခြင်းအသင်း တော်ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်တွင်သင်္ဘောသီးယို ပြုလုပ်နည်းများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ဖလမ်း၌ သိုင်းရွိုက်ဂလင်း ပုံမှန်လုပ်ငန်းဆောင်ရွက်မှုမရှိခြင်းကို ကနဦးဆောလျင်စွာ ရှာဖွေလေ့လာခြင်းနှင့် ယင်းသို့ဖြစ်ပေါ်မှုတွင် ဆက်စပ်မှုရှိသော အချက်အလက်များကို ရှာဖွေဖော်ထုတ်ခြင်း သုတေသန ပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် နေထိုင်ကြသည့် အရွယ်ရောက်ပြီးသူများတွင် သိုင်းရွိုက်ဂလင်း ပုံမှန်ဆောင်ရွက်မှု မရှိခြင်းကို ကနဦးဆောလျင်စွာ ရှာဖွေလေ့လာခြင်းနှင့် ယင်းသို့ဖြစ်ပေါ်မှုတွင် ဆက်စပ်မှုရှိသော အချက်အလက်များ ရှာဖွေ ဖော်ထုတ်ခြင်း သုတေသနပြုလုပ်မှုကို ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီက ဖလမ်းမြို့၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်သည်။

တီးတိန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အကောင်အထည်ဖော် ဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် COVID-19 Economic Relief Plan လုပ်ငန်း စီမံချက်ဖြင့် ကျေးလက်နေ၊ လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း Village Revolving Fund Project (VRFP) ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မတူပီမြို့ ဟရင်ပီး(က)ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော (COVID-19 Economic Relief Plan) ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာသူ၊ ကျေးရွာသားများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဟရင်ပီး(က) ကျေးရွာသို့ ယနေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဆော်လမွန်နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်