ချင်းပြည်နယ်

ဖလမ်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၃၂) ဦးအောင်မြင်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၀၀ နာရီ ခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့နယ်အတွင်း အောင်ချက် ( ၂၈ ဒသမ ၆၉) ရာခိုင်နှုန်းရှိကြောင်း ဖလမ်းခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

(၁၃)ကြိမ်မြောက် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့်ကျသင့်အတိုးငွေများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့တွင် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာနရုံးသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ်စာစစ်ဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးတက်လာ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက် ယနေ့တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ရိခေါ်ဒါရ်မြို့ စာစစ်ဌာနအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း ပြောင်းဖူး (၁၀၀.၂) ဧက ပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း တောင်သူ(၆၆)ဦး၏ ပြောင်းဖူး ဧက (၁၀၀.၂) ကို ယနေ့နံနက်ပိုင်းက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ရိခေါ်ဒါရ်၌ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရိခေါ်ဒါရ်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မဲဆန္ဒရှင်စာရင်း ပိုမိုပြည့်စုံမှန်ကန်စေရန် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို (၇) ရက် ထပ်တိုး ကပ်ထားမည်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းရှိ တလိုင်ရောန်း တံတား ပျက်စီး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကြီး ရေတိုက်စားကာ ဖလမ်း-ရိဒ်လမ်းပေါ်ရှိ တလိုင်ရောန်း တံတားသည် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းတပ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

ချင်းပြည်နယ် မင်းတပ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းတပ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဟားခါး၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ်မောင်းနှင်သွားလာသူများအား ဥပဒေနှင့်အညီစတင်အရေးယူ

ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ဗိုလ်ချုပ် လမ်းမကြီးတစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ စတင်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရေဇွာ၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်