ချင်းပြည်နယ်

ခိုင်ကမ်းမြို့တွင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပြည်နယ်အတွင်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း)၌ ဖွင့်လှစ်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီးတွင် မြေပြိုမှုဖြစ်ပွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီး မိုင်တိုင် အမှတ် ၃၀/၂ နှင့် ၃၀/၃ အ​ကြားတွင် ပေ ၃၀၀ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း

ချင်းပြည်နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများကို သြဂုတ်လ (၅)ရက်နေ့က မျှော်လင့်ခြင်းတောင်ပံပရဟိတအသင်းက လာရောက် လှူဒါန်းကြောင်း သိရသည်။

ဆမီးမြို့၌ ကော်ဖီပင်စိုက်ပျိုးရေးနည်းပညာသင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ ဆမီးမြို့တွင် ဒေသခံတောင်သူများအနေဖြင့် ရွှေ့ပြောင်းတောင်ယာစနစ် အစားထိုး ကော်ဖီပင်စိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရိခေါ်ဒါရ်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ရိခေါ်ဒါရ်မြို့ ရှေ့တန်းရုံးမှ တာဝန်ခံဦးစီးအရာရှိ (မြို့ဦးစီးမှူး) ဦးမောင်မောင် ဦးဆောင်၍ ဝန်ထမ်းများက သြဂုတ် ၃ ရက်မှစ၍ ယနေ့အထိ သုံးရက်ကြာအထိ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။

ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား ချင်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဟားခါးမြို့ပေါ်ရပ်ကွက်များနှင့် နှီရ်လှောန်း ကျေးရွာရှိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအမည်စာရင်း ကြေညာမှုများအား ယနေ့ နံနက်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်နှင့် အဖွဲ့ဝင်များ၊ ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး

ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မင်းတပ်၌ စီးပွားဖြစ်ဝဥစိုက်ပျိုးခြင်းဖြင့်တောင်သူများဝင်ငွေရ

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည့် ဝဥကိုပြည်တွင်းသာမက ပြည်ပစျေးကွက်ကပါ ဝယ်ယူကြကြောင်းသိရသည်။

ကျီခါးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် မဲစာရင်းသွားရောက် ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်နှင့် မဲစာရင်းသွားရောက်ကြည့်ရှုရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်က ကျီခါးမြို့ပေါ်ရပ်ကွက်၌ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ချင်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများ အသုံးပြုမှုများပြားပြီး အဓိကလမ်းမ တစ်ခုဖြစ်သည့် ဇောတိကလမ်း ကွန်ကရစ်ခင်းကျင်းခြင်းလုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်