ချင်းပြည်နယ်

ဟားခါးမြို့တွင် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံ

ဟားခါးမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။ 

ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် Sweet December ကံစမ်းမဲဖောက်ခြင်းအခမ်းအနားပြုလုပ်

ချင်းပြည်နယ် ၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွှဲ ၁ နာရီက Sweet December ကံစမ်းမဲဖောက်ခြင်းအခမ်းအနားပြုလုပ်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း တက်ရောက်ပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိ၊ ၁ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့၌ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁ ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

၂၀၂၂ ခုနှစ်၊ ( ၇၄ ) နှစ်မြောက် လွတ်လပ် ရေး နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁ ဦးထပ်မံတွေ့ရှိ၊ ၁ ဦး ကျန်းမာလာ

ဟားခါးမြို့၌ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် ၁ ဦး ကျန်းမာလာကြောင်းသိရသည်။ သံသယရှိသူ ၁၂ ဦးကို Test Kit ဖြင့် စစ်ဆေးရာ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခြင်းသည်။

ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်