ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။