ချင်းပြည်နယ်

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ၈၆ ဦးတို့အား ရောဂါစစ်ဆေးခဲ့ရာရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိ

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်း ပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို ယနေ့တွင် ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။

ဟားခါးမြို့တွင် အုပ်စု(A)အဖြစ် သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ ၊ မသန်စွမ်းသူများ ၊ Ethnic Armed Organization နှင့် နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ဟားခါးမြို့တွင် အုပ်စု(A)အဖြစ် သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ၊ မသန်စွမ်းသူများ၊ Ethnic Armed Organization နှင့် နှာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ဆေးထိုးစုရပ် ( ၃ ) နေရာခွဲကာ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် (၈၉၀) ဦးအားထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို အောက်တိုဘာ ၂ ရက်၊ နံနက်၉နာရီကဖလမ်းမြို့၊သူနာပြုသင်တန်း ကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ဟားခါးမြို့တွင် အုပ်စု(A)အဖြစ် သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ ၊ မသန်စွမ်းသူများ ၊ Ethnic Armed Organization နှင့် နှာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်ထိ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည်

ဟားခါးမြို့တွင်အုပ်စု(A)အဖြစ်သတ်မှတ်ထားသောအသက်(၅၅)နှစ်မှ(၆၄)နှစ်ထိ၊မသန်စွမ်းသူများ၊EthnicArmedOrganizationနှင့်နှာတာရှည်နှင့်မကူးစက်နိုင်သောရောဂါရှိသူများ အား အောက်တိုဘာလ ၅ ရက်နေ့မှ ၇ ရက်ထိ ဆေးထိုးစုရပ် (၃)နေရာခွဲ၍ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိ၊ ၂၆ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၁၁ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၂၆ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။    

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)(၄၁၀)ဦး အား ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပ ပြုလုပ်‌ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိ၊ ၁၉ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၅ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၁၉ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်