ချင်းပြည်နယ်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၉ ဦး ထပ်မံတွေ့ရှိ၊ ၈ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၉ ဦးထပ် မံတွေ့ ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၈ ဦး ပြန်လည် ကျန်းမာ လာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ဟားခါးမြို့တွင် အ​ကြောင်းအမျိုးမျိုး​ကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်သူများအား ကာကွယ်ဆေးပြန်လည်ထိုးနှံ

ဟားခါးမြို့တွင် အ​ကြောင်းအမျိုးမျိုး​ကြောင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်သူများကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်း အားကစားရုံတို့တွင် ပြန်လည်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်၊ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း

မင်းတပ်မြို့နယ်ကိုဗစ်-၁၉ ထိန်ချုပ်၊ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယနေ့ နံနက် (၁၁)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌရုံးခန်း၌ လာရောက်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၅ ဦး ထပ်မံတွေ့ရှိ၊ ၁ ဦးသေဆုံး၊ ၅ ဦး ပြန်လည်ကျန်းမာလာ

ဟားခါးမြို့တွင် ယနေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၅ ဦးထပ်မံတွေ့ရှိပြီး ၁ ဦး သေဆုံးကာ ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ၅ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက်လိုက်နာဆောင်ရွက်ရမည့်အချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်

ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေ‌ရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်းသိရသည်။

ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် Test Kit ဖြင့် စစ်ဆေးနိုင်သည့်နေရာ အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ဟားခါးမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် သံသယရှိသူများအနေဖြင့် Test Kit ဖြင့် ရောဂါပိုးရှိ မရှိ အခမဲ့ စမ်းသပ်စစ်ဆေးနိုင်သည့် နေရာများ အသိပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၂ရက်နေ့တွင်လည်း မော်တော်ကားဖြင့် မြို့တွင်းလှည့်လည်၍ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အသက်၁၈နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ပြန်လည်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိ၊ ၁၁ ဦး ပြန်လည် ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့လူနာသစ် ၄ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၁၁ ဦး ပြန်လည် ကျန်းမာ လာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။  

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ ၂၄ ဦး ပြန်လည် ကျန်းမာလာ

ဟားခါးမြို့တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၃ ဦးထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၄ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်