မွန်ပြည်နယ်

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မုဒုံမြို့နယ် အဇင်းဥယျာဉ်ခြံနှင့် ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု အခြေပြု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်ရှိ အဇင်းဥယျာဉ်ခြံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ခြံတာဝန်ခံက ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ အဇင်းဥယျာဥ်ခြံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြ၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ရုံးပတေသီးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတေသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

သထုံမြို့နယ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ပြည်နယ်အဆင့် အရည်အချင်းစစ်စာမေးပွဲကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ၏ မွန်ပြည်နယ်အဆင့် အရည်အချင်းစစ်စာမေးပွဲကို ယမန်နေ့နံနက်က သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ တောင်သူဒူးရင်းစိုက်ပျိုးနည်း ပညာပေးဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တောင်သူဒူးရင်းစိုက်ပျိုးနည်း ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်ကြီးချောင်ကျေးရွာ၌ပြုလုပ်ခဲ့ရာ ဒေါက်တာ မောင်မောင်မြင့် (ဒု-ပါမောက္ခချုပ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငြိမ်း)၊ ဒေါက်တာမာမာကြူ ပါမောက္ခ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(ငြိမ်း)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်၊ ဒုတိယပြည်နယ်ဦးစီးမှူးများဖြစ်ကြ‌သော ဦးမျိုးမင်းထွန်းနှင့် ဦးဆန်းထွန်းဝင်း၊ ခရိုင်ဦးစီးမှူး ဦးညီညီထွန်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများနှင့် ဒူးရင်းစိုက်တောင်သူ (၂၁)ဦး တက်ရောက်ခဲ့ကြသည်။

သထုံမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း စစ်ဆေးကုသပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းမိသားစုဝင်များအား ရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ် မေလ (၅)ရက်နေ့တွင်ကျရာက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။

သထုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေး ပညာပေးသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက် စီစဉ်ဖွင့်လှစ်သည့် အခြေခံမွေးမြူရေး ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က လိပ်အင်းရပ်ကွက်ရှိ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်