မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေး သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများကြား ပိုမိုနီးကပ်စွာဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။