မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း (၂၇)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့၏ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညနိကာယ သာသနာ(၂၅ဝဝ) ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဦးစွာ သဘာပတိဆရာတော်ကြီးများကို အမှူးထား၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝတောများမှ ထင်းအစားထိုး စွမ်းအားမြှင့်မီးဖိုများ တိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆားဖိုစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်၌ မြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့မှ ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်သူနာပြု ကြက်ခြေနီတပ်ဖွဲ့ထူးချွန်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်သည်။

သထုံမြို့နယ်၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ပူးပေါင်း၍ “‌ဒေသဖွံ့ဖြိုး‌ရေး ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး မွန်ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှု

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်စစ်ဆေးရာ ဦးစွာ ရှင်းလင်း‌ဆောင်တွင်ပြည်နယ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အဘစ်(နှီးမုတ်)ကျေးရွာ ရွာပတ်ချောင်း တူးဖော်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်သူအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ချောင်းနှင့် ရေနုတ်မြောင်းများကို တူးဖော်လျက်ရှိရာ မေလ (၃၀) ရက်နေ့ နံနက်ပိုင်း အဘစ်(နှီးမုတ်)ကျေးရွာ ရွာပတ်ချောင်း တူးဖော်နေမှုအား  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောရှားထွန်းကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ရေးမြို့နယ်၌  မျိုးစပါးနှင့် မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးရာသီမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအားမျိုးစပါးနှင့် မျိုးစေ့ချကိရိယာ (Seeder) ပေးအပ်ပွဲအခမ်းအနားကို မေ ၂၉  ရက်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရေးမြို့နယ်၌ ၂၀၂၆-၂၀၂၇  ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ (မြို့နယ်အဆင့်) အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ (မြို့နယ်အဆင့်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ပညာရတနာခန်းမဆောင်တွင် ကျင်းပသည်။

ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်‌၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်‌၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ကျောက်တင် မီးရထားစက်ခေါင်းဘီးချော်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်  ဇင်းကျိုက်ကျေးရွာမှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ကျောက်တင်မီးရထားစက်ခေါင်းဘီး‌ ချော်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Subscribe to မွန်ပြည်နယ်