ပေါင်မြို့နယ်၌ မဲရုံအဖြစ်ဆောင်ရွက်မည့် စာသင်ကျောင်းများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှု
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံအဖြစ်ဆောင်ရွက်မည့် စာသင်ကျောင်းများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။