မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစဉ်ဆက်ပညာရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့် ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။