ချောင်းဆုံမြို့နယ်၌ မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၁) စီးနှင့် ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၅ နာရီ ၃၅ မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။