မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခြင်း နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.မ.က(ကဒါစျေး)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့အ.ထ.က(တောင်စွန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(တောင်စွန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ခေတ်မီကစားကွင်း ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ခေတ်မီကစားကွင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကို ယမန်နေ့ညက မြို့မ (၁) ရပ်ကွက်ရှိ လေ့ကျင့်ရေးအားကစားကွင်း၌ စည်ကားစွာ ကျင်းပသည်။

ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းကို ယနေ့နံနက်က ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုတီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေ ဖော်ထုတ်ခြင်းကို ယမန်နေ့နံနက်က သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့ ပြည်သူ့ဈေးတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်နယ်မီးသတ်ဦးစီးမှူး လမ်းညွှန်မှုဖြင့် နွေရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက မီးငြှိမ်းသတ်‌ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပဒုမ္မာလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာ‌ဖွေကယ်ဆယ်‌ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့စည်ပင်သာယာ‌‌ရေးအဖွဲ့ပိုင် ပြည်သူ့ဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့၌ “ မီးခိုးမြူငွေ့ လျှော့ချရေး အသိပညာပေး” ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကဦးဆောင်၍ မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကို ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများဖြင့် ရပ်ကွက်များ၌ စည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇) နှစ်​မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးရွာ/ရပ်ကွက်များ အသီးသီး၌ပျော်ပွဲရွင်ပွဲများ အားကစားနည်းမျိုးစုံဖြင့် လူကြီးများ၊ လူငယ်များ၊ ကလေးများပါမကျန် ပျော်ရွှင်စွာ အားကစားပြိုင်ပွဲများ ပြုလုပ်ကာ လွတ်လပ်ရေးနေ့အမှတ်တရ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပေးလျက်ရှိကြသည်။

မွန်ပြည်နယ်အတွင်း အကျဉ်း/အချုပ်ထောင်စခန်း(၁၀)ခုမှ အကျဉ်းသား/သူ(၃၉၅)ဦး လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/အချုပ်ထောင်စခန်း(၁၀)ခုမှ အကျဥ်းသား/သူ(၃၉၅)ဦးတို့အား ဇန်နဝါရီလ ၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရစည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အကျဉ်းစခန်း(၃)ခု မှအကျဉ်းသား/သူ (၈၈)ဦး လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိအကျဉ်းစခန်း(၃)ခုမှ အကျဥ်းသား၊သူ(၈၈)ဦးတို့အား ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်