မွန်ပြည်နယ်

ဘီးလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသ ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက အ.မ.က(ရေဇလုပ်)သို့ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက် (၁၀)နာရီက  (အ.မ.က)ဂွေးပင်ချောင်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ပရိုကိုး အခြေခံပညာမူလတန်း‌ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

သံဖြူဇရပ်မြို့နယ် (မူလွန်) ကြံ့ခိုင်​ရေးကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက (မူလွန်) ကြံ့ခိုင်​ရေး​ကျောင်း၌ ဆောင်ရွက်သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ - ၂ဝ၂၅ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် အ.လ.က (​ကြာကန်) ​ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အ.လ.က (​ကြာကန်) ​ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကမာဝက်မြို့ ပဥ္စလနဂိုရ်စျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် စျေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ပဥ္စလနဂိုရ်စျေး၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့၊ အ.မ.ကမာလိကာ(တောင်ကလေး)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက အ.မ.က မာလိကာ(တောင်ကလေး)ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ် အ.မ.က(ကော့ဘိန်း-၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ အ.မ.က(ကော့ဘိန်း-၁)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်