မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ် နှစ်ကိုင်းကျေးရွာတွင် ကျေးရွာမြေငှားဂရမ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက် (၁၀၀) အတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေးတပ်စုနှင့်ပစ္စည်းများ အသင့်ဖွဲ့စည်းထားရှိ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပြည်နယ်မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦး ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်‌ခြေနီအသင်းခွဲတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးတပ်စုများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များအား အသင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ ၁၂ ရက်နေ့က သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊‌ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

မုဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတို့ကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာများ၌ လိုက်လံဆောင်ရွက်သည်။

သံဖြူဇရပ်မြို့နယ် မိုးကြိုကာလ သဘာဝဘေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှပူးပေါင်း၍ မိုးကြိုကာလတွင် ဖြစ်ပွားတက်သော သဘာဝဘေးအသိပညာပေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် အသက်ကယ်လေ့ကျင့်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက အောင်ကုသိုလ်ရပ်ကွက် ထိုင်တော်မူဘုရားကြီးဝင်း၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စေတနာ့ဝန်ထမ်းလူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သား သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခန့်ကျော်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးရဲမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံနှင့် မြန်မာ့ မီးရထားကျိုက်ထိုဘူတာဝင်းတို့အား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက် သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးစိုးလှနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရေးမြို့နယ်၌ သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းပစ္စည်းများစုဖွဲ့ထားရှိမှု တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် လူအင်အားအသင့်စုဖွဲ့ထားရှိခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်သည်။

ချောင်းဆုံမြို့နယ်၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်သစ်ကျေးရွာ အကွက်(၁၀) ထောင်ကုန်း၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့် လုပ်ငန်းအဖွဲ့များမှ မေ ၁၃ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to မွန်ပြည်နယ်