ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံနှင့် မြန်မာ့ မီးရထားကျိုက်ထိုဘူတာဝင်းတို့အား ကြည့်ရှုစစ်ဆေး

ကျိုက်ထို     မေ   ၁၃

မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးစိုးလှနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်နာင်က လျှပ်စစ်ဓာတ်အားပေးခွဲရုံအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာပြည်နယ်ဝန်ကြီး ဦးဇေယျာဦးက လိုအပ် သည်များကိုမှာကြားခဲ့သည်။

ယင်းနောက် တောင်သူစုရပ်ကွက် မြန်မာ့မီးရထားကျိုက်ထိုဘူတာဝင်းသို့ ရောက်ရှိခဲ့ပြီး ဦးအေးသိန်း အမှတ်(၈)တိုင်း(တိုင်းတာဝန်ခံ)မြန်မာ့မီးရထားနှင့်ကျိုက်ထိုဘူတာမှ တာဝန်ရှိသူများအား ကျိုက်ထိုဘူတာဧည့်ခန်းမတွင် တွေ့ဆုံရာ ဘူတာအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးက မြန်မာမီးရထားလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး၊ မီးရထားစီးခရီးသွားပြည်သူများ၊ မီးရထားဖြင့်ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)