သထုံရွှေစာရံစေတီတော်မြတ်ကြီး ဗောဓိညောင်ပင်၌ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်း
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင်လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကို စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗောဓိညောင်ပင်၌ အစဉ်အလာမပျက် ကျင်းပပြုလုပ်ရာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ကုသိုလ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။