မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းကမော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ ကမ်းနားလမ်း၊ မြစ်ကမ်းသာအပန်းဖြေစီမံကိန်းတည်ဆောက်မည့် နေရာသို့ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင် Myanmar Energy King (MEK)Co;Ltd၊ Thiha Min Swe Construction Co;Ltd၊ Golden Mawlamyine Co;Ltd ကုမ္မဏီတို့၏ တာဝန်ယူဆောက်လုပ်သည့် အများပြည်သူအနားယူအပန်းဖြေရန်အတွက် လျှောက်လမ်း Clay Tileခင်းခြင်းလုပ်ငန်း၊ နားနေဆောင် ဘုံဆင့်အမိုး Frame လုပ်ငန်း၊ နားနေဆောင်ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်း၊ Bridge (ပေါင်းကူးတံတား) လုပ်ငန်း၊ မွန်ရိုးရာလခြမ်းတူရိယာ၊ ကားပါကင်ကွန်ကရစ်ေလာင်းခြင်းလုပ်ငန်း၊ ဆောင်ရွက်နေမှုတို့ကို power pointဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေး၊ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီစံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လျှောက်လမ်းနေရာများတည်ဆောက်ခြင်း၊ မြေယာရှုခင်း၊ ကလေးကစားကွင်း၊ နားနေခုံများဆောင်ရွက်ခြင်း၊ မြတ်ခင်းပြင်နှင့် အရိပ်ရပင်များ၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းများဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။