မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စက္ခုအလင်း ကျန်းမာရေးအလှူတော်နှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ၊ ရေစက်ချ၊ ပရိတ်တရားတော် ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအားအမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အလှူရှင်များက ဆေးရုံကြီးရှိအစည်းအဝေးခန်းမတွင် သဲဖြူဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး အထွေထွေရောဂါကုဆေးရုံကြီး၌ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုခံယူရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ ထောက်ပံ့ငွေများ၊ မုန့်နှင့်ရေသန့်ဘူးများ၊ နေ့လယ်စာထမင်းဘူးများကို ဒါနပြုလိုက်လံကျွေးမွေးပေးခဲ့ကြသည်။