မွန်ပြည်နယ်

ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်းလပြည့်နေ့ (၆၄)ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် တန်ဆောင်မုန်း လပြည့်နေ့ရောက်တိုင်း ဆွမ်းကြီးလောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့နံနက် (၆)နာရီက (၆၄) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ကွမ်သဲကျေးရွာ လမ်းမကြီးတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လူနေဆိုင်ခန်းများ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မင်္ဂလာ အခမ်းအနားနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်မှု အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ ရာမည ဖွံ့ဖြိုးတိုးတက်ရေးဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သဝါယမအသင်းလီမိတက်၏ အအေးခန်းစက်ရုံ၊ ပစ္စည်း သိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ မော်လမြိုင်-မုဒုံ ကားလမ်းမကြီးဘေး စီမံကိန်းမြေနေရာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ စီမံကိန်း ရှင်းလင်းဆောင်၌ ပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အအေးခန်းစက်ရုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်း (ပြည်နယ်အဆင့်) အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲကို Smoke Ball ရိုက်၍ ဖွင့်လှစ်‌ပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမား၏ ဝင်ရောက်ယှဉ်ပြိုင်နေမှုပေါ်ကြည့်ရှုအားပေးခဲ့သည်။

သံဖြူဇရပ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(ဘုရင့်နောင်)ခန်းမ၌ကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းလီမိတက်များမှ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းနေမှုအခြေအနေများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းလီမိတက်များမှ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းနေမှုအခြေအနေများအား  အောက်တိုဘာ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်ရိုးတန်းလမ်းတစ်လျှောက် စု‌ပေါင်း သန့်ရှင်း‌ရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တန်ခိုးကြီးစေတီပုထိုးများစွာ တည်ထားကိုးကွယ်ထားသည့် တောင်ရိုးတန်းလမ်းတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရေးနှင့် အပန်းဖြေအနားယူနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

သံဖြူဇရပ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ​နွေစပါး၊ ​ဆောင်းသီးနှံ စီမံကိန်းတာဝန်​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ​၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့်​ဆောင်းသီးနှံ စီမံကိန်းတာဝန်​ပေးအပ်ပွဲအခမ်းအနားကို ​အောက်တိုဘာ ၃၁ ရက်မွန်းလွဲပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ စုဒ္ဒဿမ(၁၄)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲကို အောက်တိုဘာလ ၃၁ ရက်၊ နံနက် ၉ နာရီခွဲအချိန်က သထုံမြို့ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ်သော (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်း အနားကို အောကိတိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်း‌ဆင်းပွဲအခမ်းအနား တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြား‌တပ်များ ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို သင့်လျော်ကိုက်ညီသော စစ်ပညာများ သင်ကြားတတ်မြောက်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်‌စေရန်နှင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်အတွက် စစ်ပညာကို လေ့ကျင့်သင်ကြားပေးပြီး နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် အရန်အင်အားစုတစ်ခု တည်ဆောက်ရန်ရည်ရွယ်၍ သင်တန်းဖွင့်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းသည် နောင်တစ်ချိန်မှာ တပ်မတော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်လိုသူ တပ်ဖွဲ့ဝင်များအတွက် အခြေခံကောင်း၊ အထောက်အကူကောင်းတစ်ခုဖြစ်သလို နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားကောင်းများပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများဟာ တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်ဖွဲ့ဝင်များဖြစ်တဲ့အတွက် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုးကြားတက်ကြွစွာဖြင့် စစ်ပညာများကို ဆက်လက်ပြီးလေ့လာ၊ လေ့ကျင့်၊ လိုက်နာပြီး သင်ယူသွားကြရန်နှင့် ပြည်သူလူထုရဲ့အားကိုး ယုံကြည်မှုကို ရရှိအောင်နေထိုင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်