မွန်ပြည်နယ်

သီတင်းကျွတ်ကာလ စက်စဲကမ်းခြေ၌ လာရောက်အပန်းဖြေ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ​ကျေးရွာ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်များပြားလျက်ရှိရာ ယနေ့တွင်စက်စဲအပန်းဖြေကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ​ကြောင်း သိရသည်။

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့တန်ခိုးကြီးဘုရားများနှင့်ဘုန်း‌တော်ကြီးကျောင်းများ၌ကုသိုလ်ဒါနပြုလုပ်သူများဖြင့်စည်ကားလျက်ရှိ

မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့ဖြစ်သော‌ အောက်တိုဘာ ၆ ရက် ဝါကျွတ်လပြည့်နေ့တွင်ရပ်ဝေးရပ်နီးမှပြည်သူအများသည် ဥပုသ်သီလ ဆောက်တည်ခြင်းတန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ခြင်းမိဘဆရာများအား မိသားစုအလိုက်တ‌ပျော်တပါးသွားရောက်ဂါရဝပြုကန်‌တော့၍အလှူဒါနများအားပြုလုပ်လျက်ရှိသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏  ဗုဒ္ဓပူဇနိယပွဲတော် အား သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ကျင်းပသွားမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့် ‌အောက်တိုဘာ ၆ ရက်  နံနက် ၅ နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပသည်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏  ဗုဒ္ဓပူဇနိယပွဲတော် အား သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

သထုံမြို့၌ (၃၃)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌ (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပသည်။

မုဒုံမြို့တွင် (၁၅၁)ကြိမ်မြောက် မြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် ၇ နာရီက မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ​အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပသည်။

သုဝဏ္ဏဝတီမြို့၌ ရှင်ဥပဂုတ္တရဟန္တာမထေမြတ်ကြီး ပူဇနိယပွဲတော်နှင့် (၂၇) ကြိမ်မြောက်ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ရှင်ဥပဂုတ္တရဟန္တာမထေမြတ်ကြီး၏ ပူဇနိယပွဲတော်နှင့် (၂၇)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းအချိန်က ရှင်ဥပဂုတ္တရဟန္တာမထေမြတ်ကြီး ကန်တော်မင်္ဂလာရင်ပြင်ပေါ်၌ စည်ကားစွာကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ယဉ်ကျေးလိမ္မာ (၃၈)ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်နှုတ်ဖြေပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ယဉ်ကျေးလိမ္မာ (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်နှုတ်ဖြေပြိုင်ပွဲနှင့် ဆုပေးပွဲကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အောက်တိုဘာ၅ ရက် မွန်းလွဲ(၁)နာရီက ချောင်းဆုံ အနောက်ရပ်ကွက် မင်းကျောင်းသာသနာ့ဗိမာန်တွင် ပြုလုပ်သည်။

ဆံတော်ရှင်ကျိုက်ထီးရိုး‌စေတီတော်မြတ်ကြီးသို့ ပြေးဆွဲနေသည့် ကေဘယ်လ်ကားများ အောက်တိုဘာ ၄ ရက်မှစတင်ပြီး နေ့စဉ်ပြန်လည်ပြေးဆွဲ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများ အဆင်ပြေစေရန် ကျိုက်ထီးရိုးကေဘယ်လ်ကားများကို   အောက်တိုဘာ ၄ ရက်မှစတင်ပြီး နေ့စဥ် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက်ကြောင်းသိရသည်။
Subscribe to မွန်ပြည်နယ်