မွန်ပြည်နယ်

ဘီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်၌ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ပြုလုပ်သည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံ ဦးကိုကိုလွင် ချောင်းဆုံမြို့နယ်၌ မဲရုံးမှူးနှင့် ဒုတိယမဲရုံးမှူး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံးမှူးနှင့် ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့က ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ် တာဝန်ခံ ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု့အားပေးခဲ့သည်။

မော်လမြိုင်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရပ်၊ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန် ဆင့်ပွားသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မြို့နယ်အဆင့် မဲရုံမှူး၊ ဒု-မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ပေါင်) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီလုပ်ငန်းညှိနှိုင်း

မွန်ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုစင်တာ ယဉ်ကျေးမှုပြခန်းခင်းကျင်းပြသရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၄ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အတ္ထရံခန်းမ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်‌နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကော့ထင်းကျေးရွာ၊ ကနံပိုင်းလမ်း(ပထမပိုင်း)နှင့် တိုင်ကော်တိုးချဲ့ကွက်သစ်ပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီမှုအား ကျိုက်ထိုခရိုင် တည်‌ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်‌ရေးမှူး)၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်(မြို့နယ်အုပ်ချုပ်‌ရေးမှူး)နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ၂ဝ၂၅ ခုနှစ်၊ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု “အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် အတွင်း ရပ်ရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာများတွင်အမျိုးသမီးများ၏လုံခြုံရေးအတွက် ယာယီနားခိုရာနေရာများ စီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ တရားဥပဒေအကူအညီနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း အမျိုးသမီးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ရဲ့ဆောင်ရွက်မှုတွေဟာ ထိရောက်သည့်ဆောင်ရွက်မှုဖြစ်စေရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန်အတွက် ထိရောက်တဲ့ပြစ်ဒဏ်ပေးခြင်း၊ အမျိုးသမီးများအတွက် ဥပဒေအကာအကွယ် ရယူနိုင်ရန် ဆောင်ရွက်ပေးခြင်းတို့ကို ဝိုင်းဝန်းလုပ်‌ဆောင်ပေးကြရန် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသားစွာ ဆန္ဒမဲပေးနိုင်ရန်အတွက်  နိုဝင်ဘာ (၂၅) ရက်နေ့က ကျွန်းသာယာခန်းမ၌  ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်