မွန်ပြည်နယ်

ခေတ္တမွန်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် သွေးလှူဒါန်းနေမှုကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ခေတ္တ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများအားမော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိကစာသင်ကျောင်းဆောင် ပန္နက်တင်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သမဝါယမအသင်းစုလီမိတတ်၏ ပညာရေးဝန်ဆောင်မှု ပုဂ္ဂလိကစာသင်ကျောင်းဆောင် ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့မ (၁)ရပ်ကွက် မြို့နယ်အားကစားကွင်းအရှေ့ရှိ မြေနေရာ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ ဆောင်းသီးနှံ (၉၀၇၉) ဧကစိုက်ပျိုးသွားမည်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် လာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေးစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်း (၉၀၇၉)ဧက စိုက်ပျိုးနိုင်ရန်အတွက်  လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ သိရသည်။

(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သထုံခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။

ကျိုက္ခမီအသင်း(ရန်ကုန်)နှင့်အထက်တန်းကျောင်းတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲဆုချီး မြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်ကျိုက္ခမီ အသင်း(ရန်ကုန်)နှင့်ကျိုက္ခမီမြို့ အခြေခံပညာ အထက်တန်း ကျောင်းတို့ ပူးပေါင်းကျင်းပသော တတိယအကြိမ်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ၂၆ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့အခြေခံပညာ အထက်တန်း ကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ကျင်းပပြုလုပ်ရာ သံဖြူဇရပ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျိုက္ခမီအသင်း(ရန်ကုန်)  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အ.ထ.က(ကျိုက္ခမီ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာများ မြို့ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မှာကြားချက်များအား ထပ်ဆင့်ရှင်လင်းဆွေးနွေးပွဲကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်‌‌က မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သထုံမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ)ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်(ပဋ္ဌာန်းနှင့် ဓမ္မစကြာ) ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အ.ထ.က (ခွဲ) နိုင်လှုံကျောင်း၌ ပြုလုပ်သည်။

ဘီးလင်းမြို့၊ အ.မ.က(အင်းဝိုင်းကုန်း)ကျောင်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ.မ.က (အင်းဝိုင်းကုန်း) ကျောင်း မိုးရာသီ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂ဝ၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ၂၀၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုနှစ်မှာလည်း အောင်မြင်စွာကျင်းပြုလုပ်သွားမှာဖြစ်ပြီး စုပေါင်းမဟာဘုံကထိန်ပွဲကို အားလုံးပူးပေါင်းပါဝင်၍ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ MSME ဈေးရောင်းပွဲတော်များ ကျင်းပနိုင်ရေး မီးရှူး မီးပန်းများ ပစ်လွှတ်နိုင်ရေးနှင့် မီးပုံးပျံများ လွှတ်တင်နိုင်ရေးတို့အတွက်လည်း လုပ်ငန်းကော်မတီဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်