မွန်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆပ်ကပ်လှူဒါန်းပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုအသင်း ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်
မွန်ပြည်နယ်၊ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများကို ပြည်သူ့ကျန်းမာရးပြဿနာတစ်ခုအဖြစ် သိရှိနားလည်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။