စစ်တွေမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိ
ရခိုင်ပြည်နယ် ဆန်စပါးသုတေသန ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော GW – 11 စပါးမျိုးနှင့် ဆင်းသွယ်လတ်စပါးမျိုးတို့အား ယှဉ်ပြိုင်စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း၌ ဆင်းသွယ်လတ်စပါးမျိုး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်တော်သာ ရပ်ကွက်၊ ကွင်းအမှတ်(၄၆)၊ ဦးပိုင်အမှတ်(၃)၊ အကျဉ်းဦးစီးဌာန လယ်မြေတွင် ကျင်းပရာ တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်ထွက်ရှိကြောင်း သိရသည်။