ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အဝေးသင်စာမေးပွဲဖြေဆိုပြီး၍ မိမိနေရပ်များသို့ ပြန်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်
စစ်တွေတက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုပြီးမြောက်၍ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် မိမိနေရပ်များသို့ ပြန်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။