ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဘေးသင့်မြို့နယ်များသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောများဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများကို မေလ ၂၃ ရက်နေ့မှ ဩဂုတ်လ ၂၈ ရက်နေ့ထိ တန်ချိန် (၇၅၁ ၉ဒဿမ ၅၂)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။