ဂွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီအုန်းသီးပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီအုန်းသီးပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇီးကုန်းကျေးရွာ၊ ဘုရင်မဘောလုံးကွင်းဘေးရှိ စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။