ဂွမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား သောက်သုံးရေလှူဒါန်း
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် ယနေ့နံနက်ပိုင်း၌ ကျောက်ကြီးကျေးရွာ၌ ပြည်သူများသောက်သုံးရေရရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။