ဂွမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။