ရခိုင်ပြည်နယ်

စစ်တွေတက္ကသိုလ်၌ နေ့သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား

စစ်တွေတက္ကသိုလ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းဖွင့်လှစ်သင်ကြားခြင်းကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပညာရေးဌာနမိသားစု၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပညာရေးဌာနမိသားစု၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်  မြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့အ-ထ-က(ခွဲ) စျေးတန်းကျောင်း၌ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ အ-ထ-က(ခွဲ)စျေးတန်းကျောင်း၌ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ယနေ့ နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြု လုပ်ခဲ့သည်။

မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ  အမှူးပြုသော သံဃာတော်(၉)ပါးကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဂွမြို့နယ်တွင် မိုးစပါးဆင်းသွယ်လတ် အထူးဇုန်၌ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ရဟိုင်ကူးတို့အုပ်စု၊ ရဟိုင်ကွင်းကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူဦးညွှန့်ရွှေ၏ မိုးစပါးဆင်းသွယ်လတ်အထူးဇုန်တွင် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

တောင်ကုတ်မြို့၌ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ကုတ်မြို့ တပ်ဦးကျောင်း ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်သည်။

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရောက်ရှိလျက်ရှိသည့် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ မောင်တောမြို့သို့ ပြန်လည်ရောက်ရှိ

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ နို၀င်ဘာ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ  တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့သို့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ပြန်လည်ရောက်ရှိ

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ယမန်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က  မြို့မအနောက်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်