ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင်တက္ကသိုလ်မှ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့်သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများ မိမိတို့နေရပ်သို့ ဆက်လက်ထွက်ခွာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ စစ်တွေအဝေးသင် တက္ကသိုလ်မှ စာမေးပွဲဖြေဆို၍ ရွှေပြည်တန်အမြန်ရေယာဉ်များဖြင့် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းမှ ပြန်လည်ရောက်ရှိနေသည့် ဆရာ၊ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းအား ယမန်နေ့ ညနေပိုင်းက မောင်တောမြို့ မိမိတို့နေရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အစီအမံဖြင့် ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍  ရောင်းချပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပင်စင်ငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယမန်နေ့ ၉ နာရီအချိန်မှစ၍  ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ဂွမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ၌ Biometric လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ Biometric ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာစီးပွားရေးဘဏ်တွင် ဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်မှ တောင်ကုတ်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများ ပြန်လည်ရောက်ရှိ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ တောင်ကုတ်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား/သူများသည် စာမေးပွဲဖြေဆိုပြီး၍ ယနေ့နံက် ၁၀ နာရီခွဲက ရွှေပြည်တန်၊ ရွှေလင်းယုန် အမြန်ယာဥ်များဖြင့် မာန်အောင်မြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မှီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများက Video conference စနစ်ဖြင့် တက်ရောက်ကြသည်။

စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဝန်ထမ်းများက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့သို့ စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့သို့ စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်) သို့  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်