ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းယောင်းမြို့နယ်၊ လားရှိုးမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းယုမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကလောမြို့နယ်၊ လဲချားမြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။