ရှမ်းပြည်နယ်

မိုင်းရယ်မြို့နယ် နားခိုကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ပန်းရံသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် နားခိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ပန်းရံသင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ပေးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေမှ ပင်းတယမြို့ဌာနဆိုင်ရာတွေ့ဆုံပွဲအခမ်းအနားနှင့် စီမံကိန်းရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ‎နှင့် ပင်းတယမြို့ဌာနဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနား ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်ပြပွဲ ယနေ့နံနက် ၁၀နာရီခွဲ က မိုင်းစံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်ပေးနေသည့် ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊လူငယ်၊လူလတ်မရွေး ဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များသို့ လက်ဝယ်အရောက်စာငှားစနစ်ဖြင့်ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကိုအသုံးချတတ်စေရန် စာဖတ်ခြင်းဖြင့်အကောင်းအဆုံး အမှားနှင့်အမှန်ကို ခွဲခြားတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ဆက်လက်၍ နွေရာသီကာလရောက်ရှိနေသောကြောင့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများ၊ အပူရှိန်ပြင်းထန်သောကြောင့် ခံစားရသောလက္ခဏာများကြောင်းကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(ခန်းမ)၌ အသိပညာပေး ဟောပြောခဲ့သည်။

မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်း‌မိုင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်များစတင်ထုတ်ချေးပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ လိုင်ချီးပင်များလှိုင်လှိုင်ဖူးပွင့်နေပြီး အသီးထွက်နှုန်းကောင်းမွန်ရေး တောင်သူများမျှော်လင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ရှိရာ ယခုကာလတွင် မကြာမီ ပေါ်ထွက်တော့မည့် လိုင်ချီးပင်များလှိုင်လှိုင်ဖူးပွင့်နေပြီး အသီးထွက်နှုန်းကောင်းမွန်‌ရေး တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား လက်ခံကြိုဆိုပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။

ကျောက်မဲခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Subscribe to ရှမ်းပြည်နယ်