မိုးနဲမြို့နယ်၌ လိုင်ချီးပင်များလှိုင်လှိုင်ဖူးပွင့်နေပြီး အသီးထွက်နှုန်းကောင်းမွန်ရေး တောင်သူများမျှော်လင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ရှိရာ ယခုကာလတွင် မကြာမီ ပေါ်ထွက်တော့မည့် လိုင်ချီးပင်များလှိုင်လှိုင်ဖူးပွင့်နေပြီး အသီးထွက်နှုန်းကောင်းမွန်ရေး တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။