ရှမ်းပြည်နယ်

ကျိုင်းလပ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။

မိုင်းယောင်းမြို့၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့က နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပသည်။

တာချီလိတ်မြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့်  သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့က တာချီလိတ်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းဆောင်ရွက်ကြသည်။

မိုင်းဆတ်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အစိုးရရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ခြံဖျန်းပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မေ ၃ ရက် နံနက် ၉ နာရီခွဲက မယ်နင်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအချိူ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တို့တွင် ယမန်နေ့ နေ့လယ် (၁၁)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်အရ ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေး ရရှိစေရန်အတွက် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ ပိဋကသုံးပုံစာအုပ်လှူဒါန်းမှု အလှူမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်း၌ ယမန်နေ့က ပိဋကသုံးပုံစာအုပ်လှူဒါန်းမှု အလှူမင်္ဂလာအခမ်းအနား ကျင်းပသည်။

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ တက်ရောက်

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး‌ ဒေါ်နန်းခမ်းလူသည် မေ ၂ ရက်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရောက်ရှိ၍ ပြည်နယ်ဝန်ကြီး သည်တာဝန်ရှိသူများနှင့်အတူ လူထုအခြေပြုဗဟိုဌာန Community Centre (တောင်ကြီး)ရုံးရှိ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ပြည်နယ်ရုံးခန်း၊ ခရိုင်ရုံးခန်း၊ အစည်းဝေးခန်းမ၊ ကွန်ပျူတာခန်းမ၊ အားကစားခန်းမ၊ သင်တန်းခန်းမနှင့် ဘက်စုံသုံးခန်းမများကို လည့်လှည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး၏ တင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ ကျောင်းသား/ကျောင်းသူဟောင်းများ၏ ဒုတိယအကြိမ် အာစရိယပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပါသည်။
Subscribe to ရှမ်းပြည်နယ်