တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးခြင်း၊ မွေးမြူရေးခြံသို့ ကွင်းဆင်း၍ ကုသရေးဆိုင်ရာများ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှအသိပညာပေးခြင်း၊ တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က တိရစ္ဆာန်အစာနှင့်ဆေး အရောင်းဆိုင်များအားကြည့်ရှု၍ အသိပညာပေးခြင်းနှင့်မွေးမြူရေးခြံသို့ ကွင်းဆင်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။