ရှမ်းပြည်နယ်

မိုင်းခတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက အမျိုးသမီးအသင်း (Women Club) နှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ ၂၉ ကြိမ်မြောက် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်၊ ၂၉ ကြိမ်မြောက် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆု‌ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ် (၉) ရပ်ကွက်၌ ယမန်နေ့က ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ကျောက်တလုံးကြီးမြို့အတွင်း နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲ အခမ်းအနားတက်ရောက်

စိုက်ပျိုးရေးသည် နိုင်ငံတော်၏အဓိက ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်သည့်အတွက် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ တောင်သူများဝင်ငွေတိုးပွားရေးနှင့် နိုင်ငံ‌တော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍‌ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကျောက်တလုံးကြီးမြို့၊ တွန်မုန်းဘုန်းတော်ကြီးကျောင်း၌ နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။

ကျောက်မဲမြို့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိကျောင်းဆောင်၌ ရွှေထီးတော်သစ် တင်လှူပူဇော်ရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ လွယ်ခွန်တောင်ရှိ သီဟိုဠ်ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ် မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ ဂန္ဓကုဋိ ဘုံခုနှစ်ဆင့် ပြာသာဒ်ကျောင်းဆောင်တော်ကြီး၌ ရွှေထီးတော်သစ် တင်လှူပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

နမ့်လတ်ချောင်းတလျှောက် ချောင်းဆယ်ယူရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် မြေပြင်ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့အလယ်မှ ဖြတ်သန်းစီးဆင်းနေသော‌ နမ့်လတ်ချောင်းဆယ်ယူရေးနှင့် ရေ‌စီးဝ‌‌င်သည့် ရေငုပ်ဂူများအတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနား တက်ရောက်

ဒေသခံတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီနှင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပုံးအင်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတွင် ကျင်းပဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။
Subscribe to ရှမ်းပြည်နယ်