နမ့်လတ်ချောင်းတလျှောက် ချောင်းဆယ်ယူရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေးနှင့် မြေပြင်ကွင်းဆင်းကြည့်ရှု
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့အလယ်မှ ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းဆယ်ယူရေးနှင့် ရေစီးဝင်သည့် ရေငုပ်ဂူများအတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။